သရက်မြို့၌ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

သရက် မတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက သရက်မြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပူပေါင်းဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးက ဈေးသူ၊ ဈေးသားများအား မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၊ မီးလောင်မှု ဖြစ်ပွားရာတွင် ပထမဦးဆုံး မိမိဈေးတွင်ရှိသည့် မီးသတ်ဆေးဗူးများကို အသုံးပြု၍ မီးလောင်မှုကို တားဆည်းကာကွယ် နိုင်ရန်၊ ဈေးရှိပစ္စည်းများ ဆုံးရှုံးမှုများကာကွယ်ရန်အတွက် ဈေးသူဈေးသားများအားလုံး မီးသတ်ဆေးဗူးများ၊ မီးငြိှမ်းသတ်နိုင်မည့် ပစ္စည်းများကို  အသုံးပြုကာ အရေးပေါ် မီးငြှိမ်းသတ်နိုင်မည့် ပစ္စည်းများကို အသုံးပြုကာ အရေးပေါ် မီးငြှိမ်းသတ်နည်းလမ်းများကို သိရှိထားရမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မီးဘေးဇာတ်တိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ  ဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများနှင့် စည်ပင်သာယာရေးဝန်ထမ်းအား မီးသတ်ဆေး‌ဗူး အသုံးပြုပုံနှင့် လက်တွေ့ မီးငြိှမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)