သတင်းများ

ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)၊ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကိုဗစ်-၁၉ ချေးငွေဆိုင်ရာ Success Story Survey စီမံချက်အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများ၏ Success Story Survey စီမံချက်အား အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင် လာရောက်လေ့လာ၊ ဖတ်ရှု၊ ငှားရမ်းမှု  များပြား
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနရုံး စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်လာရောက်လေ့လာ၊ ဖတ်ရှု၊ ငှားရမ်းခြင်းများ တိုးတက်များပြားလာကြောင်း သိရှိရသည်။
မိုင်းနောင်မြို့ ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းရုံး ဆောက်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းရုံး ဆောက်လုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ယမန်နေ့ ည (၆) နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
နမ့်စန်တွင် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်၊ သား၊ ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Feb 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် နမ့်စန်တပ်နယ်မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီက နမ့်စန်-ခိုလမ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်ခန်းမအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။