သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နွေစပါးစီမံကိန်းအတွက် သွင်းအားစုအစုအဖွဲ့များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများတို့ဖြင့် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားတက်ရောက်
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုအစုအဖွဲ့များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများတို့ဖြင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပခြင်းနှင့် သာသနဝိသုဒ္ဓိပရိယတ္တိ စာသင်တိုက်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်အထိမ်းအမှတ် ငွေရတုသဘင်ပွဲတော်သို့တက်ရောက်
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပခြင်းနှင့် သာသနဝိသုဒ္ဓိစာသင်တိုက်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်အထိမ်းအမှတ် ငွေရတုသဘင်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။
ရေနံချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြော
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပွင့်လင်ရာသီရောက်ရှိလာချိန်တွင် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖား​ဆောင်းမြို့ရတနာစျာန်​အောင်​စေတီ​တော်တွင် အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူ​ဇော်
Feb 28,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ရတနာစျာန်​အောင်​စေတီတော်ကြီးတွင် အဌမအကြိမ်​မြောက်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူ​ဇော်ဖွင့်ပွဲကို ယ​နေ့နံနက် ၈ နာရီအချိန်က​အဆိုပါ​စေတီ​လေးမျက်နှာဘုရားတွင် ကျင်းပပြုလုပ်ခဲ့​သည်။
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် သည်။
ပေါင်းတည်မြို့နယ်တွင် ရိတ်သိမ်းပြီးမတ်ပဲများကို ကျပ်ခြောက်သောင်းစျေးနှုန်းဖြင့် စတင်ဝယ်ယူ
Feb 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ရိတ်သိမ်းပြီး မတ်ပဲများကို တောင်သူများက စတင်ရောင်းချလျက်ရှိရာ ဒေသခံအဝယ်ဒိုင်များက တစ်တင်းလျှင် ခြောက်သောင်းကျပ် စျေးနှုန်းဖြင့် ပဲပေါ်ချိန်စျေးဦးစတင်ဖွင့်လှစ် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
လွိုင်ကော်မြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 28,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မှုကော်မတီများ တက်ရောက်ကြသည်။
ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် Grade(5)၊ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးစီး
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။