သတင်းများ

ဇေယျာသီရိမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 ကျောင်းသား/ သူများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုပြီးစီး
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ့်စန်တွင် ဆတိုးဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Feb 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်တွင် တည်ထားကိုးကွယ်သည့် ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား အထက်ဌာပနာသွင်းလှူခြင်းနှင့် ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်ဖြင့် တိုးတက်အောင်အဖက်ဖက်မှ အားပေးကူညီမှုများဆောင်ရွက်ပေး
Feb 28,2023
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအဓိကထားဆောင်ရွက်နေသော ပြည်နယ်တစ်ခုဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာမြေဧက(၁၀၀)အဆင့်မြှင့်တင်ခြင်းနှင့် တောင်သူများသို့ သဘာဝမြေဩဇာထောက်ပံ့ ပေးအပ်သည့်အခမ်း အနားကို ယနေ့နံနက် ၈ နာရီ ခန့်က ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ကွင်းအမှတ်(၁၀၀၆/က)၌ ကျင်းပခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့(Working Group)အဖွဲ့(၄၆)ဖွဲ့အား ထောက်ပံ့ငွေကျပ် သိန်း ၃၁၀ ကျော်အားပေးအပ်ပွဲ ကျင်းပ
Feb 28,2023
ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုလူဦးရေအမှန်စာရင်းရရှိရေး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူသည့်အဖွဲ(Working Group)များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ လောက်ကိုင်မြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၃၁) ဦးဝင်ရောက်ဖြေဆိုမည်
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့တွင် ၂၀၂၃ ခုနှစ် ၊ မတ်လ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာပေးပွဲတွင် ကျောင်းသား ၊ကျောင်းသူ (၃၁)ဦး ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ နွေစပါးစိုက်ဧက ခုနှစ်ထောင်ကျော်လျာထားစိုက်ပျိုး
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း နွေးစပါးစိုက် တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာခြင်းနှင့်လယ်စိုက်တောင်သူများ လျာထား ဧကထက်ပြည့်မီကျော်လွန်​ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။
ရေဖြူဒေသ၌ ဒုတိယရာသီအဖွင့် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၄၀၀ ကျပ်အထိ ဈေးရနေ
Feb 28,2023
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းဒုတိယရာသီဖွင့်ချိန် ယ‌ေန့ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၄၀၀ ကျပ် အထိ ဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။