သတင်းများ

ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲ ကျင်းပ
Aug 07,2022
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ လှာကမြင်(ကွက်သစ်) ရှိ ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) အချက်အလက်အား Software အသုံးပြု၍ ရေးသွင်းဆောင်ရွက်
Aug 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ယနေ့နံနက် ၇ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ရွှေဘိုတက္ကသိုလ်တွင် ခရိုင်အဆင့်(၂၃)​ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 07,2022
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအား ကျင်းပ​ပေးလျက်ရှိရာ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆု​ပေးပွဲကို ယမန်​နေ့ည​နေ၃ နာရီချိန်က​ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် (ပေါ်ဆန်းရင်) မျိုးစပါး (၄၁၆)ဧက စိုက်ပျိုးထားရှိ
Aug 07,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သီးနှံအလိုက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးရာတွင် ဌာနမှသာမက တောင်သူလယ်သမားများ ပါဝင်သော မျိုးစေ့ထုတ်လုပ်သူအသင်းများ (Seed Grower Association) ဖွဲ့စည်းဆောင်ရွက်မူဝါဒဖြင့် မိုးစပါး (RS to CS-SGA) မျိုးစေ့ထုတ် စိုက်ခင်း (ပေါ်ဆန်းရင်) မျိုးစပါး(၄၁၆)ဧကကို (တောင်စွန်း၊ ဒေါင်းရပ်အရှေ့၊ ကညှော်၊ ကော့ကဒိုက်) ကျေးရွာတို့တွင် မိုးစပါးနည်း ပညာပေး စံပြစိုက်ကွက်/နည်းပညာသုံး စံပြကျေးရွာအဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။
ဘောလခဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ
Aug 07,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)ကွပ်ကဲမှု အောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/သူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/သူများ အား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယအ​ကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ ကျင်းပ
Aug 07,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒုတိယအ​ကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က အမ်းမြို့နယ် အမ်းမြောက်အုပ်စုရှိ ကန့်ကော်တစ်ထောင် ဘုရားကုန်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
(၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဟိုပန်၌ကျင်းပ
Aug 07,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများ ပူးပေါင်းပါဝင်သော (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခြင်းနှင့်ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်၊ မြို့မသာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။