မက်မန်းမြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မက်မန်း မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ မြို့အင်္ဂါ ရပ်နှင့်ပြည့်စုံစေရေးအတွက် မြို့သန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် “ပွင့်လင်းရာသီရောက်ပြီဆိုတော့ မြို့ပေါ် ရပ်ကွက်တွေအနေနဲ့ မီးဘေးလုံခြုံမှုရှိစေဖို့ သစ်ရွက်ခြောက်တွေနဲ့ အမှိုက်တွေရှင်းထားဖို့ လိုကြောင်း၊ မြို့အနေနဲ့လည်း မြို့အင်္ဂါရပ်နဲ့ညီဖို့ဆိုရင် သန့်ရှင်းရေးကို အလေးထားဆောင် ရွက်ရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့်အပတ်စဉ် စနေနေ့တိုင်းကို မြို့သန့်ရှင်းရေး နေ့သတ်မှတ်ပြီး စုပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း” မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်အောင်က ပြောကြားသည်။

ထိုသို့ဆောင်ရွက်မှုကို မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ရဲ့တပ်ဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက  လမ်းဘေး ဝဲ၊ ယာရှိ သစ်ရွက်ခြောက်များ၊ ပေါင်းမြက်များ၊ အမှိုက်သရိုက်များနှင့် ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

အေးဝင်းစိုး (ခရိုင်၊ပြန်/ဆက်)