ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ (Book Club)အဖွဲ့ ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဥတ္တရသီရိ မတ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကလောင်စုံရေးသားထားသော တာဝန်သိစိတ်၊ တာဝန်ယူစိတ် စာအုပ်ထဲမှ စာရေးဆရာ ပန်းမြိုင်လယ်စိန်ဝင်း ရေးသားသည့် “တာဝန်နှင့်ဝတ္တရားကို စိန်စီ ရွှေနားကွပ်ထားချင်ရဲ့” ဆောင်းပါးခေါင်းစဉ်မှ အကြောင်းအရာများကို စာအုပ်စာပေချစ်မြတ် နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ ပန်းမြိုင်လယ်စိန်ဝင်း ရေးသားသည့် “တာဝန်နှင့်ဝတ္တရားကို စိန်စီရွှေနားကွပ် ထားချင်ရဲ့” ဆောင်းပါးခေါင်းစဉ်မှ အကြောင်းအရာများကို ဥတ္တရသီရိမြို့နယ် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ၊ စာရေးဆရာမ(ရဿဝတီမေနန်း)၊ စာရေးဆရာ စိန်ဝင်းနွယ်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ ဟန်ညွှန့်(ယဉ်ကျေးမှု)၊   စာရေးဆရာ အောင်အောင်ဝေ (ညောင်ခြေထောက်)၊ စာရေးဆရာ ရွှေလက်ပံ(မဲဇလီ)၊ စာရေးဆရာ မောင်မောင်တာ (သဘာဝ)၊ စာရေးဆရာ လင်းထွဋ်၊ စာရေးဆရာမ လုံမငယ်၊ စာရေးဆရာ ကျော်လွင်မြင့်(မှော်ဝန်း)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာ မောင်လေပြေ၊ စာရေးဆရာ အောင်ဆွေထက်တို့က အသီးသီးဆွေးနွေးခဲ့ကြသည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)