သံဖြူဇရပ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

သံဖြူဇရပ် မတ် ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးသတ်ဦးစီးဌာနှင့် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့တို့မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် အမှတ်(၁)နှင့် (၂)အခြေပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် သံဖြူဇရပ်မြို့နယ်၊  မီးသတ်ဦးစီးဌာနှင့်တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်မှုမရှိစေရေးတို့အတွက် သံဖြူဇရပ်မြို့နယ်၊ မီးသတ်ဦးစီးဌာနဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်  စာစစ်ဌာနများရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှု အခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)