ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲများဆောင်ရွက်
Aug 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက် မြင့်မားလာစေရန်၊အင်္ဂလိပ်စကားလုံးဝေါဟာရများကြွယ်ဝစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ စစ်တုရင်နှင့် Scrabble ပြိုင်ပွဲကို ယနေ့ နံနက်(၁၁) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။