သတင်းများ

မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်
Mar 07,2023
မွန်ပြည်နယ်အတွင်း ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ထိရောက်မြန်ဆန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ
လှိုင်းဘွဲမြို့နယ်အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၃၈)ဦး ဝင်ရောက်ဖြေဆို
Mar 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်၊ မတ်လ (၈)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၃၃၈)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကံမမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကျင်းပမည့် အ.ထ.က (ကံမ)စာစစ်ဌာနအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ကြည့်ရှုစစ်ဆေး
Mar 07,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူး ကြီးဝင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကံမမြို့နယ်၌ မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း(ကံမ)စာစစ်ဌာန ပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၉ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက်  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့စာစစ်ဌာန၌  ၂ဝ၂၂ - ၂၀၂၃  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
ဒလမြို့နယ်တွင်  အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနမှကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၃)နာရီ အချိန်က ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တစာသင်တိုက်၌ ကျင်းပခဲ့ကြသည်။
ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Mar 07,2023
လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေး
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ခြင်း/ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။
ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 07,2023
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။