ပုသိမ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စတင်ဖြေဆို

ပုသိမ် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့နယ်တွင် စာစစ်ဌာန(၁၁)ခု၌ အတွင်းဖြေကျောင်းသား/သူ (၂၇၃) ဦး၊ အပြင်ဖြေ ကျောင်းသား/သူ (၁၃၄၇)ဦး၊ စုစုပေါင်း (၁၆၂၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်း  ၉၀.၄၀% ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း  ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့ အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက စာစစ်ဌာန အသီးသီးတို့တွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြင့်ဟန်