ကလေးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိ

ကလေး မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုလျက်ရှိပြီး ယနေ့လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၉၁၀)ဦး ရှိကြောင်းသိရသည်။

ကလေးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျောက်လွှာ တင်ထားသည့် ကျောင်းသား၊ ကျောင်းသူ (ဆွံ့အ၊ နားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်း အပါအဝင်) စုစုပေါင်း (၁၀၂၄)ဦး ရှိရာ  လာရောက်ဖြေဆိုသူပေါင်း (၉၁၀)ဦးရှိပြီး ပျက်ကွက် (၁၁၄)ဦးရှိသောကြောင့် (၈၈.၉) ရာခိုင်နှုန်း ဖြေဆိုမှုရှိကြောင်း ကလေးမြို့နယ် ပညာရေးဦးစီးဌာနမှ သိရသည်။

ကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ အတွက် စာစစ်ဌာနများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အင်ဒိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းတို့တွင် သတ်မှတ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ(၈)ရက်နေ့မှ (၁၈)နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)