ကသာ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ယနေ့နံနက် (၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယတွင် အ.ထ.က ကျောင်းများ၌ စာစစ်ဌာန(၂)ခုရှိရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်ရှိသူ(၇၂၉)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၂၉)ဦး၊ ကျောင်းသူ(၄၁၅)ဦး၊ ဝင်းရောက်ဖြေဆိုသူ စုစုပေါင်း(၆၄၄)ဦးရှိကြောင်းနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၄၅)ဦး၊ စုစပေါင်း (၈၅)ဦးရှိကြောင်း ဖြေဆိုသည့်ကျောင်းသား/ ကျောင်းသူ (၈၈ ဒသမ ၃၄ ရာခိုင်နှုန်း)ရှိပြီး၊ ဖြေဆိုရန်ပျက်ကွက်မှု (၁၁ ဒသမ ၆၆ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကသာခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာစိုးသူအန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်စေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (ကသာ)