ကမမောင်းမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ကို ကျောင်းသား/ကျောင်းသူများ ဖြေဆို

ကမမောင်း မတ် ၈

ကရင်ပြည်နယ်၊‌ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိပြီး  ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက် ရှိကြောင်းသိရှိရသည်။

ကမမောင်းအတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၆၆)ဦးရှိပြီး၊ ပျက်ကွက်သူ(၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့ပထမနေ့ မြန်မာစာကို ဖြေဆိုပြီးစီးကြောင်း သိရသည်။

သန့်ဇင်

ကမမောင်း (ပြန်/ဆက်)