လိပ်သိုမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

လိပ်သို မတ် ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း (လိပ်သို) စာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် လိပ်သိုမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် လုံခြုံရေးအဖွဲ့ဝင်များ၊ စာဖြေဌာန ကြီးကြပ်ရေးမှူး ဦးစောဘွယ်မှူးတို့က ကြီးကြပ်ပြီး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၁)ဦးရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)