ဘားအံ မတ် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အခြေခံပန်းချီ၏ သဘောသဘာဝများကို သိရှိစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် နွေရာသီပန်းချီ အခြေခံသင်တန်း ၁/၂၀၂၃ ကို ယမန်နေ့ နံနက် (၁၁) နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ ဦးသစ်မင်းက အခြေခံပန်းချီ သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပဉ္စမအကြိမ် နွေရာသီအခြေခံ ပန်းချီပညာသင်တန်းတွင် အခြေခံမျဉ်းများအကြောင်း၊ ပုံသဏ္ဍာန်မျာအကြောင်း၊ အရောင်များအကြောင်း၊ အရောင်အသွေး အနုအရင့်၊ အလင်းအမှောင် ၊ Point Line Shape Form Perspective measurement အကြောင်းများကို ပန်းချီဆရာ ဦးသစ်မင်းနှင့် ပန်းချီဆရာ ဦးစောနောင်စိုးတို့မှ သင်ကြားပေသွားမည်ဖြစ်ကြောင်းနှင့် ပန်းချီသင်တန်းတွင် ကျောင်းသား/ ကျောင်းသူ (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)