မိုင်းယန်း မတ် ၈
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်းစတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း) စာစစ်ဌာန၌ မိုင်းယန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား/ကျောင်းသူ (၃)ဦးနှင့် အပြင်ဖြေ ကျောင်းသား/ ကျောင်းသူ(၁၄)ဦး စုစုပေါင်း(၁၇)ဦး လာရောက်ဖြေဆိုပြီး အပြင်ဖြေဆိုသူ ကျောင်းသား (၃)ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းထူး