သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြဲတမ်းအတွင်းဝန်ကြည့်ရှုစစ်ဆေး
Mar 13,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူယမန်နေ့က သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် Seven-43 CoLtd မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော (၄/o. ၁၆ မိုင်၁၂'၁၂'')ကုန်ထုတ်မြေသားလမ်းခင်းခြင်း၊ ရွမ်းရွမ်းအောင် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာအတွင်း စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးသည်။