ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်နှင့်စာဖတ်ဝါသနာအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဒလ မတ် ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာဖတ်ဝါသနာအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ (YouthClub) အဖွဲ့ဝင်ဉီးမြင့်ဇော်က လူငယ်ဆိုတာ ဘယ်လိုအရွယ်ကိုခေါ်ပါသလဲ၊ စာဖတ်ခြင်းဖြင့်ဘယ်လို အကျိုးကျေးဇူးရနိုင်ပါသလဲ၊ လူငယ်တွေဟာ ဘယ်လိုစာအုပ်အမျိုးအစားကို ရွေးချယ်ဖတ်ရှုသင့်ပါသလဲ စသည့် စာဖတ်ခြင်းနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့ရာ (Women Club)အဖွဲ့ဝင် ဒေါ်သဉ္ဇာက လူငယ်နှင့်စာဖတ်ဝါသနာ အကြောင်းအား အကျယ်တဝင့် ပြန်လည် ဆွေးနွေး ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး (TalkShow)များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ် အရုပ်ခေါက်ခြင်း အားကစား လှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Onlineမှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show)အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော်(ပြန်/ ဆက်)