သတင်းများ

နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Mar 10,2023
ကျိုက်မရော မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အ.မ.ကမူလွန်(၁) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာရေးဆရာမမိုးပန်မွန်(ရာမည) ရေးသားသော “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးမောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများအတွက် အားဖြည့်စာ ထောက်ပံ့ပေးအပ်
Mar 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ (၂)နာရီမှ (၄)နာရီခွဲထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အလင်းကောင်ရပ်ကွက်၊ ကြေးနန်းရပ်ကွက် ညစာကျက်ဝိုင်းများရှိ ကျောင်းသား/သူ (၃၃)ဦးအား အာဟာရဖြည့်စွက်စာဖြစ်သည့်
သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့လာမှတ်သား သင်ခန်းစာများ သင်ကြားပေး
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၂၉)တွင် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သင်ခန်းစာများကို ယနေ့တွင် ဆက်လက် သင်ကြားပေးလျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Mar 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန၌  ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 10,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်၊  စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက  အမှတ်(၃)ရပ်ကွက် ငွေကြာယံရိပ်သာနှင့် မီးရထားတိုက်တန်းများ၌  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။