သတင်းများ

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအကြိုက် စာအုပ်/စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များပြသ
Mar 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကလေးများ၏ အားလပ်ရက်တွင် အသိပညာဗဟုသုတရရှိရေးအတွက် ကလေးအကြိုက် စာအုပ်/စာစောင်များ၊ ဓာတ်ပုံနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့မွန်းလွဲ ၁နာရီက ပြသခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝငဲစာမေးပွဲ သင်္ချာဘာသာရပ်၌ ၉၀ ရာခိုင်နှုန်းခန့် ဖြေဆို
Mar 10,2023
ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုရာ ရန်ကုန်တိုင်းဒေသကြီးရှိ စာ​ဖြေဌာန ၈၃ ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ ဟင်းသီးဟင်းရွက်များဈေးကောင်းရရှိ၍စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ
Mar 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ လျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်
Mar 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင်ဆေးရောင်ခြယ်ပြိင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ညောင်ဦး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံ
Mar 10,2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် ပုဂံမြို့ (Aureum Palace Hotel)ရှိ ကျန်စစ်သား ခန်းမတွင် မတ် ၁၀ ရက်၊ နံနက် ၁၁ နာရီအချိန်ကတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show” ပြုလုပ်
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီတွင်ကျင်းပသည်။
ဘူးသီးတောင်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလကလေးများအတွက် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 10,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ