သာယာဝတီမြို့တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်

သာယာဝတီ မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာ အခြေခံကို နားလည်သိရှိစေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာ (အခမဲ့) သင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အခြေခံ အင်္ဂလိပ်စာ (အခမဲ့) သင်တန်းတွင် အခြေခံပညာ မူလတန်း(လွန်) ရွာကြီးကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် အလယ်တန်းပြဆရာမ ဒေါ်ဝင်းမဥ္ဇူတို့က စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံ အင်္ဂလိပ်စာ (အခမဲ့) သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၁၃ ရက်မှ ၁၇ ရက်နေ့ထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)