ကျောက်ဆည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး မီးဖိုချောင်သုံး သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ယခုအခါ တိုင် ထောင်ပဲတောင့်ရှည် တစ်ပိသာငွေကျပ် (၂၀၀၀) ဈေးအထိ ရောင်းချရသဖြင့် ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိသည်။
ပဲတောင့်ရှည်သီးနှံသည် ကာလတို မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်ပြီး မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ခြင်း၊ နေ့စဉ်ခူးဆွတ်ရောင်းချနိုင်ခြင်း၊ လုပ်အားကုန်ကျမှုသက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်းတို့ကြောင့် ကာလတိုသီးနှံစိုက်ပျိုးသူများအဖြင့် ရွေးချယ်စိုက်ပျိုးလာကြကြောင်း၊ စိုက် ပျိုးရာတွင် နှုန်းမြေနှင့် ကိုင်းကျွန်းမြေများ၌ ကောင်းစွာဖြစ်ထွန်းကြောင်းသိရှိရကာ စိုက်ပျိုးပြီးရက်ပေါင်း (၇၀) တွင် စတင်ခူးဆွတ်ရကြောင်းနှင့် ရောင်းချရာတွင် နေ့စဉ်ခူးဆွတ်ရောင်းချရဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း တံတားလည်ရပ်ကွက်မှ ဦးအောင်သင်းက ပြောပြသည်။
ပဲတောင့်ရှည်သီးနှံသည် သဘာဝပိုးမွှာကာကွယ်ဆေး ပုံမှန်ဖျန်းပေးပြီး အစိုဓာတ်မပြတ်ရေသွင်းပါက အထွက်နှုန်း ကောင်းမွန်ကြောင်း ရေသွင်း ရာတွင် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး လေဝင်လေထွက်နှင့် နေရောင်ခြည်ကောင်းစွာ ရရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင်၊ တစ်ပေခန့်အကွာ၊ တစ်တန်းနှင့်တစ်တန်း၊ နှစ်ပေခန့် အကွာခန့် တိုင်ထောင်စိုက်ပျိုးကြကြောင်း မိသားစုတစ်နိုင်တစ်ပိုင် မျှားနီတံဆိပ် ပဲတောင့်ရှည်မျိုး စိုက်ပျိုးသူများထံမှ သိရသည်။
သက်မောက်(ကျောက်ဆည်)