လယ်ဝေး ဧပြီ ၄
လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်အတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကြီးကြပ်၍ နေ့စဥ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့အဝင်အထွက်ဆိုင်းဘုတ်တွင် ပန်းအလှပင်ပြုပြင်ခြင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရားလမ်း၊ မြို့သစ်(၁)လမ်းနှင့် ရုံးလမ်းဘေးဝဲ၊ ယာတို့တွင် ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် ရန်ကုန်-မန္တလေး လမ်းဘေးဝဲ၊ ယာရှိ သစ်ရွက်ခြောက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်ဝေးမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝေကြည်(ပြန်/ဆက်)