သတင်းများ

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများစွမ်းရည်မြင့်မားရေး mTubeဗီဒီယိုရိုက်ကူး ပေးပို့နည်း သင်တန်းဖွင့်လှစ်  
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက mTube ဗီဒီယို ရိုက်ကူးပေးပို့ နည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။ 
အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်‌ကျင်းပ
Mar 31,2023
မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို  တတိယနေ့အဖြစ် ယမန်နေ့မွန်းလွဲ ၁၂ နာရီကစမ်းချောင်းရပ်ကွက် အ.ထ.က(၁) ရွှေရတုခန်းမတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့ ဖြေဆိုခဲ့ကြသည်။
 ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများတွင် စာအုပ်များငှားရမ်းပေး
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေ(၃)နာရီခွဲက ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီး ဌာနသို့ သွားရောက်ပြီး စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ၂၀၂၃ ခုနှစ်၊ စိုးရပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟဘာသာအား ဆက်လက်ဖြေဆို
Mar 31,2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ခု၊ အစိုးရပဠိပထမပြန် စာမေးပွဲကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၈ ရက်နေ့ ကစတင်ကျင်းပလျက်ရှိရာ ယနေ့နေ့လယ်(၁၂)နာရီအချိန်က ရဟန်း၊ သံဃာ၊ သာမဏေ ၁၄ပါးတို့က အဘိဓမ္မတ္ထသင်္ဂဟဘာသာအား ဆက်လက်ဖြေဆိုလျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်မတည်​ရင်းနှီးငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကျင်းပ
Mar 31,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်မည့် ပြည်သူများအား မတည်ရင်းနှီးငွေထုတ်ချေး ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့၏ရှေးဟောင်းသမိုင်းဝင် လေသာစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုရာနှုန်း ပြည့်ပြီးစီး
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် လေသာစေတီတော်မြတ်ကြီးနှင့်ရွှေဘုန်းပွင့် စေတီတော်တို့အား လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူ ပူဇော်နိုင်အတွက် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၏ မတည်လှူဒါန်းငွေ ကျပ်သိန်း(၅၀)နှင့်အတူ (၇)ရက်သား/သမီးအပေါင်းတို့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် (၁၅-၃-၂၀၂၃)ရက်နေ့မှစ၍ လုပ် ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါစေတီတစ်ခုလုံး၏ ရွှေသင်္ကန်းကပ်လှူပူဇော်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဟင်္သာတခရိုင် MSMEs ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် MSMEs ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ဟင်္သာတမြို့ပေါ်ရှိ လုပ်ငန်းရှင်များ ပါဝင်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 31,2023
နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ (၃)နာရီတွင် နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပသည်။