သတင်းများ

ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာအနီး ငပြောင်မြောင်းမှ  ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၃)ဧက စိုက်ပျိုးရေပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင်  သင်္ဂတုံကျေးရွာအနီ ငပြောင်မြောင်းမှ ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၃)ဧက စိုက်ပျိုးရေများပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး ဖောင်ရွာ-တောင်နံ့သာ-ငှက္တတောင်လမ်းမှ ပျက်စီးနေသည့် လမ်းပိုင်အား ပြန်လည်ပြုပြင်ပေး
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု လျင်မြန်ဆန်ပြီး မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် အတွက် သက်ဆိုင်ရာဦးစီးဌာနများမှ ဘဏ္ဍာနှစ်အလိုက် လမ်းတံတားများ ပြုပြင် ဆောင်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖောင်ရွာ-တောင်နံသာ-ငှက္ကတောင်လမ်းမှ ပျက်စီးနေသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေးများဆက်လက်ထိုးနှံ
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉) နာရီက ရွှေသောင်ယံမြို့အမှတ် (၁) (၂) (၃) ရပ်ကွက်များရှိပြည်သူများအားကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။
ဒေါ့ဖုန်းယန်မြို့၌ မွေးကင်းစအရွယ်မှစ၍အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံထိုက်ကျွေးခြင်းများဆောင်ရွက်
Apr 04,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကလေးငယ်များရောဂါ ကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက် (၂) နှစ်အောက် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့၌Fitness Danceအခြေခံသင်တန်းဖွင့်လှစ်
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Danceအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Apr 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်
Apr 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 04,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က သံဖြူဇရပ်မြို့နယ် နန္ဒဝန်ပရိယတ္တိစာသင်တိုက်၏ န္ဒဝန်ဓမ္မသာလာခန်းမ၌ ကျင်းပသည်။