သတင်းများ

ဥတ္တရသီရိမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရွှေနံ့သာဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ မိုးကြို ချည်မျှင်ရှည်(၁၁၇၆၅)ဧက စိုက်ပျိုးပြီးဖြစ်
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများတိုးချဲ့၍ လျာထားစိုက်ပျိုးလျက်ရှိရာ မိုးကြိုချည်မျှင်ရှည်ဝါ(၁၁၇၆၅))ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ကာမိုင်းမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များ နှိုးဆော်ခြင်းဆောင်ရွက်
Apr 02,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၄)နာရီခန့်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး
Apr 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်သူများ စားသုံးရန်မသင့်သည့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးဆိုင်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှု သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှု သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင်စုနှင်းသဘင်အခမ်းအနားကော့မှူး၌ကျင်းပ
Apr 02,2023
အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင်စုနှင်းသဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်ကြီးအတွင်းရှိ မိဂဒါဝုန်ဓမ္မရုံတော်ကြီး၌ ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာနှစ်ရွာတို့မှ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေမည့် ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး
Apr 02,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ နှစ်ရွာတို့မှ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေးဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။