သတင်းများ

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centreခန်းမတွင် ရှမ်းစာပေနှင့် ရှမ်းစကားပြော အခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Apr 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ရှမ်းစာပေနှင့်ရှမ်းစကားပြော အခြေခံသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 01,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီ ၁ ရက်၊ နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေး ခန်းမ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဆင်း လက်မှတ်ပေးအပ်
Apr 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကေ့ာကရိတ်မြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Apr 01,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ငရုတ်ကောင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 01,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငရုတ်ကောင်း/ဂျော်ရန်ဂျီကျွန်းဆက်သွယ်သော ချောင်းဝတံတားစီမံကိန်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဝတ္ထုငွေ ဆက်ကပ်လှူဒါန်း ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
ညောင်ဦးမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်ဝန်ထမ်းများစုပေါင်း၍ ပလတ်စတစ် Campaign ဆောင်ရွက်
Apr 01,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရားကြီးသွားရာလမ်း တစ်လျှောက်နှင့် ဓမ္မရံကြီးဘုရားဝင်းအတွင်း ဧပြီ ၁ ရက်၊ နံနက် ၇ နာရီအချိန်ကစုပေါင်း ပလတ်စတစ် ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်ကြကြောင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦးထံက သိရသည်။
ကသာမြို့၌ မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေး ထိုးနှံပေး
Apr 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက် ကလေးငယ်များကို ငါးမျိုးစပ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။