ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်
Apr 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် လေကောင်းလေသန့်ရရှိရေး၊ ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ စုပေါင်းသန့်ရှင်းရေးကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်၊ ရန်ကင်းလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးဘေး (ရန်အောင်လမ်းသွယ်မှ ရန်အောင်(၇)လမ်းထိပ်အထိ) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။