ဥတ္တရသီရိမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဥတ္တရသီရိ ဧပြီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရွှေနံ့သာဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေနံ့သာဓမ္မရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒသာရက အဖွင့်ဩဝါဒကထာ မြွက်ကြားချီးမြှင့်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို လျှောက်ထားတင်ပြကာ သင်တန်းသား၊ သင်တန်းသူများအတွက် စာရေးကိရိယာများ၊ နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဧပြီလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)