ကျောက်ဆည် ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများတိုးချဲ့၍ လျာထားစိုက်ပျိုးလျက်ရှိရာ မိုးကြိုချည်မျှင်ရှည်ဝါ(၁၁၇၆၅))ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ချည်မျှင်ရှည်ဝါများ စိုက်ပျိုးရာတွင် မိုးကြိုစိုက်ဧကများအဖြစ် ပန်းခွါ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ အနောက်ငါးဆူ၊ ရှားပင်ကျေးရွာအုပ်စုများတွင် (၂၇၃)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း ကျေးရွာအုပ်စုများတွင် (၃၆၇)၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၇၄၀)ဧက၊ ညောင်ရွှေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၉၂၃)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာအုပ်စုများတွင်(၄၄၁၉)ဧက၊ အရှေ့ငယ်တိုး၊ လက်ပန်ဇင်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၁၂၈၆)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်းကျေးရွာအုပ်စုများတွင် (၂၂၇၇)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင် (၁၁၈၁)ဧက၊ မင်းစု၊ စပယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၂၉၀)ဧက စုစုပေါင်း(၁၁၇၆၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများ အဓိက စိုက်ပျိုးပြီး ဝါ(၁)ဧက စိုက်ပျိုးမည်ဆိုပါက မြေပြင်ခြင်းအတွက် (၁၉၅၀၀၀)ကျပ်၊ စိုက်ပျိုးပြုစုခြင်းအတွက်(၂၀၁၆၀၀)ကျပ်၊ သွင်းအားစုများအတွက် (၄၅၀၅၀၀)ကျပ် စုစုပေါင်း(၈၄၇၁၀၀)ကျပ်ဝန်းကျင် ကုန်ကျစရိတ်ရှိကြောင်းနှင့် ဝါသီးနှံများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)