နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာ အခြေခံ(ဆရာဖြစ်) သင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 01,2023
မျိုးဆက်သစ် လူငယ်လူရွယ်များ လိမ္မာယဉ်ကျေးမှုရှိစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် ၃၈ ဖြာမင်္ဂလာ တရားတော်နှင့်အညီ ပြုမှုကျင့်ကြံ နေထိုင်တတ်စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာကြီးများ၊ ဆရာမကြီးများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။