သတင်းများ

ကျောက်တံတားမြို့နယ်၌ နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲပြုလုပ်
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်းများဖြစ်သည့် တိုက်ကွမ်ဒို၊ အေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က (ကျောက်တံတား) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Book Club ပြန်လည်ဖွဲ့စည်း
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Book Club ပြန်လည်ဖွဲ့စည်း ခြင်းကို ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အရှေ့ပိုင်းခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ အားကစား ဘောလုံး၊ တိုက်ကွမ်ဒို၊ ကရာတေးနှင့် အေရိုးဗစ် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ပဒေသာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သာကေတမြို့နယ်၌ ၂၀၂၃ ခုနှစ် နွေရာသီအ​​ခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း ကျောင်းအောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။
အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်
Apr 01,2023
ကျိုက်မရော မြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ မှ စတင်ကာကလိုင်းကနိုင်ကျေးရွာဆေးခန်း၌  ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
မြင်းခြံမြို့တွင် အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြောပွဲပြုလုပ်
Apr 01,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က အသိပညာဗဟုသုတ ရရှိစေရန် အတွက် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင် (Community Centre) ခန်းမ၌ ဖိနပ်ချုပ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 01,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ်ပညာနှင့် အသိပညာတိုးပွားစေရန်နှင့် သင်တန်းမှ ရရှိသည့် အတတ်ပညာနှင့် အသိပညာတို့ဖြင့် လူငယ်များ လူမှုဘဝ နယ်ပယ်တွင် ပြန်လည်အသုံးချခြင်းဖြင့် လူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သော ဖိနပ်ချုပ်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့်(၁၂)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
ရွှေပြည်သာမြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာ ကွယ်ဆေးများတိုက်ကျွေး၊ ထိုးနှံခြင်းဆောင်ရွက်
Apr 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင် မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါ ကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေးထိုးနှံခဲ့သည်။