သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား ကြည့်ရှုစစ်ဆေး
Apr 05,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ် အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား ယနေ့ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Apr 05,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
တနိုင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံအင်္ဂလိပ် (Grammar)နှင့် မြန်မာစာ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်
Apr 05,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ် (Grammar)နှင့် မြန်မာစာ စာစီစာကုံး ရေးသားနည်း သင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက တနိုင်းမြို့ (Community Centre) ခန်းမတွင်  ဖွင့်လှစ်ခဲ့သည်။
ရွှေတောင်မြို့နယ်၌ မျိုးဆက်သစ်အားကစားသမားများ အားကစားနှင့်ကာယပညာသိပ္ပံသို့ တက်ရောက်နိုင်ရေး ရှာဖွေချိတ်ဆက် လေ့ကျင့်သင်ကြားပေး
Apr 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မျိုးဆက်သစ်အားကစားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ တက်ရောက်ရန် သင်တန်းသားရွေးချယ်ခံနိုင်ရေး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကျောင်းသား/ကျောင်းသူများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရှာဖွေချိတ်ဆက်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Apr 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတစ်ဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခနောင်တို အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပန်းတောင်းမြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၍ (၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 05,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၍ (၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေးဒေသခံတောင်သူများနှင့် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် မင်းကွန်းဘိုးဘွားရိပ်သာနှင့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Apr 05,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် မင်းကွန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် အနီးကျေးရွာများရှိ ဒေသခံပြည်သူ (၃၅၁)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း၏ မြင့်မြတ်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 05,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၈) ပိတောက်လမ်းတွင် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း၏ မြင့်မြတ်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားအား ဧပြီလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ စာကြည့်တိုက်အဆောက်အအုံ ရှေ့တွင်ကျင်းပရာ စာကြည့်တိုက် နာယကကြီးများနှင့် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ဆုရရှိထားသူ ကျောင်းသား/ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။