သတင်းများ

မောက်မယ်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများ အရွယ်အစားပေါ်မူတည်၍ စျေးကောင်းရရှိ
Apr 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီဟင်းရွက်မျိုးစုံကို ကျေးလက်ဒေသများနှင့် မြို့အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ချောင်းဘေးတစ်လျောက် နှုံးမြေခြံများတွင် စိုက်ပျိုး လုပ်ကိုင်ကြရာ ပန်းဂေါ်ဖီစိမ်းအား စီးပွားဖြစ်လုပ်ကိုင်လျက်ရှိသည်။
မောက်မယ်မြို့နယ်၌ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Apr 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာ စွမ်းရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကလေးငယ်များဖိတ်ခေါ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်၉ နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၌ တောဆင်ဝင်ရောက်ဖျက်စီးမှုကြောင့် အိမ်ပြိုပျက်စီးခဲ့ရ
Apr 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၌ ယနေ့ ဧပြီလ ၂ ရက်သန်းခေါင်ယံကျော် ၁ နာရီခွဲအချိန်က တောဆင် ဝင်ရောက်ဖျက်စီးခဲ့သဖြင့် အိမ်ပြိုပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
သာပေါင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဌမနေ့ဘာသာပြန်၊ ပဌာန်းကုသလတိက် ဘာသာ ဆက်လက်ဖြေဆိုလျှက်ရှိ
Apr 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ကစတင်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် နွေစပါး ၂၁၆ ဧက စိုက်ပျိုးပြီးစီး
Apr 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရန် ဧက ၃၇၀ လျာထားသည့်အနက် ယနေ့အထိ ၂၁၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇလွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဆွေးနွေးပွဲ ကျင်းပပြုလုပ်
Apr 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြိုနယ်စာရေးဆရာအသင်းနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ စာပေဆွေးနွေးပွဲကို ဧပြီ ၂ လ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ်တနင်္လာနေ့တိုင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။
ကံမမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်  ယွန်းကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့နံနက် ၉ နာရီက စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အင်ဘက်တောကျောင်းတိုက်ဆရာတော်  အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏနှင့် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။