ပန်းတောင်းမြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၍ (၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပန်းတောင်း ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု၍ (၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေးဒေသခံတောင်သူများနှင့် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ မကြီးထုံးကျေးရွာအုပ်စု၊ ငါးမျက်နှာကျေးရွာရှိ သောက်သုံးရေကန်တူးဖော်နေသည့် လုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းဦးကျေးရွာအုပ်စု၊ သံလယ်ကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ကျေးရွာ(၈)ရွာရှိဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ (၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေးကို လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးကာ ဥသျှစ်ပင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ (၁)သီးမှ (၂)သီး၊ (၃)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများအား ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုမှာ​ကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ ဆက်)