သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တပ်ကုန်းမြို့နယ်အတွင်းရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ စန္ဒသီရိအား လာရောက်ဖူးမျှော် ကြည်ညို
Apr 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တစန္ဒသီရိ(အဘိဓဇအဂ္ဂမဟာ သဒ္ဗမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ)အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သွားရောက်ဖူးမျှော် ကြည်ညိုခဲ့သည်။
ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒေါင့်ချောင်းကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ၊ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်
Apr 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဧပြီလ(၁)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးအတွက် ဒေါင့်ချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Apr 02,2023
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက် (၂) အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Apr 02,2023
မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များနှင့် ရွှေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး မြောင်းမြမြို့၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းသို့တက်ရောက် အမှာစကားပြော
Apr 02,2023
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းသို့ ယနေ့နံနက် ၈:၃၀ အချိန်က တက်ရောက်အမှာစကား ပြောကြားသည်။
အင်္ဂပူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ပေးအပ်
Apr 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Apr 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ထန်းတပင်ကျေးရွာအုပ်စု နံဂါတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။