သတင်းများ

သံပယိုသီး (၃)တင်းဝင်တစ်အိပ်အား ငွေကျပ်(၉)သောင်းကျော်အထိ ရောင်းချရဖြင့် သံပယိုစိုက်ခင်း ပိုင်ရှင်များ အဆင်ပြေ
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံပယိုသီး(၃)တင်းဝင် တစ်အိပ်အား ငွေကျပ် (၉)သောင်းကျော်အထိ ရောင်းချရသဖြင့် သံပယိုစိုက်ခင်းပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြမည့်ဆရာတော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယကသြဝါဒစရိယဆရာတော်များ၊ မြို့နယ်သံ ဃာ့နာယကဥကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်( ၁၀ )နာရီ အချိန်က မြစ်သားမြို့မင်းကုန်း ကျောင်း ပရိယတ္တိ စာသင်တိုက်၌ ကျင်းပကြောင်းသိရသည်။
မုဒုံမြို့အတွင်းရှိ သောက်သုံးရေခက်ခဲသော ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 03,2023
မွန်ပြည်နယ်၊ မုဒုံမြို့အတွင်းရှိ သောက်သုံးရေရှားပါးခက်ခဲသော ရပ်ကွက်/ ကျေးရွာများသို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ အိမ်တိုင်ရာရောက်သောက်သုံးရေများကို ယမန်နေ့ညနေက သွားရောက်လှူဒါန်းပေးသည်။
ညောင်ဦးမြို့နယ်တွင် တန်ခူးလအတာသင်္ကြန်အိုးများ ရောင်းအားကောင်းနေ
Apr 03,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် အတာသင်္ကြန်အိုးများ ရောင်းအားကောင်းနေကြကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးပြုလုပ်ရောင်းချနေသည့် ဦးမြင့်စိန်ထံက သိရသည်။
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၌ ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Apr 03,2023
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၌ ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက် ၁ဝ နာရီက သာစည်ရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရွှေလင်းဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့တွင် (၁၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်ကျင်းပ
Apr 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင်(၁၈)ကြိမ်မြောက်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်၌ ကျင်းပသည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေး
Apr 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ 
ပျော်ဘွယ်မြို့နယ်တွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Apr 03,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အသိပညာဗဟု သုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပခြင်းကို ဧပြီလ(၃)ရက်၊ နံနက်(၉)နာရီက ခင်ကြီးယကျေးရွာ ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။