ဆိပ်ကြီးခနောင်တို ဧပြီ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင် ဒေါ်စမ်းကြည်က ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း အနည်းငယ် ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “အလုပ်ဆိုတာ အင်အားပါ “စာအုပ်ထဲမှ “အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ချင်းစာစိတ်ထားနိုင်ပါစေ” ခေါင်းစဉ်ပါ အကြောင်းအရာကို BookClub အဖွဲ့ဝင် ဒေါ်စမ်းကြည်က ဦးဆောင် ဆွေးနွေးပြီး၊ အထက်ပါ ခေါင်းစဉ်ပါ အကြောင်းအရာများကိုဘဲ Book Club အဖွဲ့ဝင် ဒေါ်စမ်းမြင့်ဌေးနှင့် မဝါဝါတို့က စာပိုဒ်အလိုက် အသီသီး ဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်ထဲမှ အထက်ပါ “အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ချင်းစာစိတ် ထားနိုင်ပါစေ” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သူများအနေဖြင့် အလုပ်လုပ်ရာတွင် အလုပ်ခွင်ထဲတွင် ကိုယ်ချင်းစာစိတ်ထား၍ အလုပ်လုပ်ရမည်၊ အလုပ်ခွင်ထဲတွင်ဖြစ်စေ၊ ပြင်ပမည်သည့်နေရာတွင်ဖြစ်စေ သူတစ်ပါးအား ကိုယ်ချင်းစာစိတ်ထား၍ ပြောဆို၊ ဆက်ဆံ၊ အလုပ်လုပ်သွားကြရန် လိုအပ်ကြောင်း စသည်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သူများအနေဖြင့်အသိပညာ ဗဟုသုတများ များစွာရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ ဆက်)