နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ ဧပြီ ၅

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ် အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား ယမန်နေ့ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တည်နေရာများအား စစ်ဆေးခဲ့ရာ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

ထို့နောက် ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရန်နှင့်  အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)