သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးတင်မောင်ဝင်း ငပုတောမြို့နယ်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာများသို့ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Apr 03,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ပျဉ်းမကွင်းကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့်ပျဉ်းမကွင်း-မြစ်ကျိုး ကုန်ထုတ်လမ်းဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါကုန်ထုတ်လမ်းသည် (အလျား၃၅၀၀ပေ၊ အနံ၁၂ပေ × ထု၆လက်မရှိပြီး အိမ်ခြေ၂၀၈အိမ်၊ လူဦးရေ ၉၀၀ခန့်နှင့် စိုက်ဧက ၁၂၆ဧက တို့အတွက် အကျိုးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။
ချောင်းသာမြို့တွင် လစဉ် မွေးကင်းစကလေးမှ တစ်နှစ်ခွဲအရွယ်ကလေးများအား ကာကွယ်ဆေးများ ထိုးနှံ
Apr 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် လစဉ်မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးများကို ကာကွယ်ဆေးများအား ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ တောဆင်အန္တရာယ်ကင်းရှင်းရေး ကူညီဆင်ပူးပေါင်းအဖွဲ့ဖြင့် တောထဲသို့ အမြန်ဆုံးမောင်းသွင်းရေး စီမံဆောင်ရွက်
Apr 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တောဆင်အန္တရာယ်ကင်းရှင်းရေး ကူညီဆင်ပူးပေါင်းအဖွဲ့ဖြင့် တောထဲသို့အမြန်ဆုံးမောင်းသွင်းရေး ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြည်အေးခန်းမ၌  တွေ့ဆုံ၍ စီမံဆောင်ရွက်ကြသည်။
နတ်မောက်မြို့နယ် မြို့မရပ်ကွက်၌ ဆူကာဘိုကာရှီပြုလုပ်နည်း လက်တွေ့သရုပ်ပြ
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သဘာ၀မြေဩဇာများ တိုးချဲ့သုံးစွဲလာနိုင်ရေး သဘာ၀မြေဩဇာများကို အီးအမ် နည်းပညာဖြင့် အမျိုးမျိုးအသုံးပြုလာနိုင်ရေးအတွက် ဆူကာဘိုကာရှီပြုလုပ်နည်း တောင်သူအသိပညာပေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့က မြို့မ ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Apr 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ ငါးလင်ပန်းကျေးရွာတွင် မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးနေ့စဥ် ပုံမှန်ဝင်ငွေရရှိ
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ငါးလင်ပန်းကျေးရွာတွင် နေ့စဥ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မေမြို့ပန်းစိုက်ပျိုး ရောင်းချသည့် ဒေါ်စန်းစန်းတင့် စိုက်ပျိုးထားသော မေမြို့ပန်းခင်းအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဥ်ဆွတ်ခူးရောင်းချသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သီပေါမြို့၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်
Apr 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်များအား လစဉ်လဲလှယ် ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့(၉)နာရီက အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား အသစ်လဲလှယ် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။