ကွတ်ခိုင်မြို့နယ် ရွှေကမ္ဘာအေးစေတီကျောင်းတွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Apr 04,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရွှေကမ္ဘာအေးစေတီကျောင်းတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေစေရန် ဆွမ်းဆန်တော် ဆီ၊ ဆား၊ ကုလားပဲများကို ယမန်နေ့ မွန်းလွဲပိုင်း(၁)နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။