အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး

အလုံ မတ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉:၃၀ နာရီက အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဉီးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဉီးနှောက်​ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ(ဉီးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကလေး(၅၅)ဦးအား ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ထိ  ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)