သတင်းများ

ဝမ်းတွင်းမြို့နယ်၌  မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 30,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ဆွေးနွေးပွဲကျင်းပ
Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ဆွေးနွေးပွဲကို ယ‌မန်နေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပခဲ့သည်။
ကလေးတွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အခြေခံပန်းချီ ရေး ဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 30,2023
ဟာအောင်မြေမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးကို အထောက်အကူဖြစ်စေရန်၊ စဉ်စားတွေးခေါ်မှုပိုမိုကောင်းမွန်လာစေရန်၊
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ One Township One Product နှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 30,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ One Township One Product နှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်း ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
Mar 30,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်း ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များသည် မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာရပ် ဆက်လက်ဖြေဆို
Mar 30,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကရာမ ကျောင်းတိုက် လေးထပ်ကျောင်းဆောင်၌ ယမန်နေ့မွန်းတည့် (၁၂)နာရီမှ ညနေ(၃)နာရီထိ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီးဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ(၄၀၀)ပါး ဝင်ရောက်ဖြေဆို
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ စာဖြေဌာနများတွင် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ၌ (၄၀၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။