သတင်းများ

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာကြည့်တိုက်သို့ ပြည်သူလူထုများ စဥ်ဆက်မပြတ် စာအုပ်စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ နေ့လယ်(၁၂)နာရီအချိန်က ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် Grade(5) အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်ပို့ချပေး
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ဆရာမများအား Grade(5) အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ  သင်တန်းကိုသင်တန်းနည်းပြဆရာ၊ဆရာမများနှင့်အတူ သင်တန်းသားဆရာ၊ဆရာမများက အပြန်အလှန်မေးမြန်းဆွေးနွေးသင်ကြားခြင်း သင်ခန်းစာကို လေ့ကျင့်နေလျက်ရှိကြောင်းသိရသည်။
လိပ်သိုဒေသတွင် သက်ငယ်အမိုးများ ပြန်လည်အသုံးပြုလာ
Mar 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့မှ ဒေသခံများမှာ သက်ငယ်အမိုးများ ပြန်လည်အသုံးပြုလာလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကို မတ်လ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဟင်္သာတခရိုင်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/ ၂၀၂၃) ကျင်းပပြုလုပ်
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့၌ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဥ်နှင့် ဘဲမွေးမြူထုတ်လုပ်ရေး သင်တန်းကျင်းပ
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့၌ ဒေသဖွံ့ဖြိုးတိုးရေးနှင့် ဒေသခံပြည်သူများ မွေးမြူရေးဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဥ်နှင့် ဘဲမွေးမြူထုတ်လုပ်ရေးသင်တန်းကို ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Mar 30,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့်၁၂ နာရီက အ.ထ.က(၃၄) စာဖြေဌာန တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။