ရွှေတောင်မြို့နယ်တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရွှေတောင် ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော၊ (ရိုတာ)ပိုလီယို ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုးကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များလာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့်အညီ  ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)