ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic&FitnessDance သင်တန်းဆင်းပွဲ အခမ်းအနားကို သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်းရှိ ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။