သတင်းများ

ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Mar 30,2023
စစ်ကိုင်းခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Mar 30,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး
Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စစ်ကြောင်းကြီးငါးကြောင်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က တင်းတိန်ရံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မှုခင်းအသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 30,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ဦးဆောင်မှုဖြင့် မှုခင်းကျဆင်းရေးအတွက် မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Mar 30,2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  မူပိုင်ခွင့်ဦးစီးဌာနမှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ခန်းမတွင်  ပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ဘူးသီးများလှိုင်လှိုင်ထွက်ရှိ
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးထား သော ဘူးသီးများ လှိုင်လှိုင်ထွက်ရှိနေပြီ ဖြစ်သည်။
မြောင်းမြမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စကြာသီဟ-စကြာနန္ဒဘုရားဝန်း၊ ထွန်းညွန့်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါဠိမထမပြန်စာမေးပွဲ ဒုတိယနေ့ကို ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ အဖိုးတန်သတ္တု ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့ အစည်းအဝေး (၁/၂၀၂၃) ကျင်းပ
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။