ဟုမ္မလင်း၌ သီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်
Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ နာဂဒေသလေရှီး မြို့နယ်တောင်သူပညာပေး အဖွဲ့မှ ဟုမ္မလင်းမြို့နယ်ရှိ ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် ပိုမိုပြောင်းလဲသုံးစွဲလာစေ ရေး၊ ရေသိုလှောင်ထိန်းသိမ်းခြင်း (Water Saving and Harvesting) နည်းလမ်းများ၊ အသုံးပြု လာစေရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး (Integrated Pest management) ကုန်ကျစရိတ်သက်သာသည့် သဘာဝပိုးသတ်ဆေး သဘာဝမြေဩဇာများ တောင်သူကိုယ်တိုင် ပြုလုပ်သုံးစွဲတက်လာစေရေး၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မား လာစေရေး ရည်ရွယ်၍ သီးနှံ စိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေးသင် တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။