သတင်းများ

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အငြိမ်းစား ပင်စင်လစာငွေများကို ယနေ့နံနက် (၆)နာရီအချိန်က ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ထုတ်ပေးလျက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် ရွှေထီးတော်သစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသကအနေကဇာတင်လှူပူဇော်
Mar 22,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် ရွှေထီးတော်သစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသကအနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ စေတီတော်မြတ်ကြီးတွင် ပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ချမ်းမြသာစည်မြို့နယ် Community Centre တွင် (အခမဲ့)သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 22,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်ရှည်အတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရေးတို့ကို ရည်ရွယ်၍နွေရာသီ (အခမဲ့) သင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
လယ်ဝေးမြို့တွင် ၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ အင်တိုင်းသာကျောင်းတွင် ယမန်နေ့မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲစတင်ဖြေဆိုလျက်ရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမရှေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြသ
Mar 22,2023
ကမ္ဘာ့အပူချိန်မြင့်မားလာမှုအား လျှော့ချနိုင်စေရေး ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးနှင့် စိမ်းလန်းစိုပြေသာယာလှပစေရေး ဂေဟစနစ် ပျက်သုဉ်းမှုမရှိစေရေး ကုန်းနေ ရေနေ သတ္တဝါများ မျိုးသုဉ်း ကွယ်ပျောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးအတွက် မိဘပြည်သူများ လေ့လာမှတ်သား သိရှိလိုက်ဆောင်ရွက်နိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့ရှိ နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင်၂၀၂၃ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့်   ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ၂၀၂၃ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့၌ နွေရာသီကရာတေးသင်တန်း အခမဲ့ ဖွင့်လှစ်
Mar 22,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍နွေရာသီ လူငယ်များ ကရာတေးပညာအရည်အသွေး တိုးတက်လာပြီး တွေ့ကြုံလာရမည့် အန္တရာယ်များကို ကာကွယ်နိုင်စေရေးအတွက် ကရာတေးသင်တန်းကို ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ အားကစားခန်းမတွင် ဖွင့်လှစ်သည်။