သတင်းများ

ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်             
Mar 23,2023
ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်   ဌာနဆိုင်ရာများအား ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကန်ကြီးထောင့်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် (၂၆-၆-၂၀၂၃) ရက်နေ့၌ကျရောက်မည့် (၂၆)ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ပိုစတာ၊ကာတွန်း၊ကွန်ပျူတာပန်းချီပြိုင်ပွဲအား ယမန်နေ့နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ(Talk show)ကို ယနေ့နံနက်(၁၁)နာရီက ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။
ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆို
Mar 23,2023
ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က ဗုဒ္ဓအသံဓမ္မဗိမာန်တော်တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်ယဥ်ကျေးလိမ္မာအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်နှင့်ယဥ်ကျေးလိမ္မာအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ ကုန်အညွှန်းအမှတ်အသား အသိပညာ​ပေး Talk Show ကျင်းပ
Mar 23,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသား အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယ​နေ့နံနက်ပိုင်းတွင် လူထုအ​ခြေပြုဗဟိုဌာန Community  Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်စေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်စေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။