သတင်းများ

ပခုက္ကူမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Mar 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့တွင် ယနေ့က ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 22,2023
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ ဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 22,2023
ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သော နွေဦးရာသီဖြစ်သည့်အတွက် ဒေသအတွင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်များ မဖြစ်ပွားစေရန် ယနေ့နံနက် (၁၀) နာရီ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်း လူစည်ကားရာအရပ်များ၌ မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ ပညာရေးဝန်ထမ်းများအတွက် ဘာသာရပ်စွမ်းရည်ရက်တိုသင်တန်းဖွင့်လှစ်
Mar 22,2023
ကချင်ပြည်နယ် ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည်မြင့်မားစေရန် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများအား ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ရက်တို သင်တန်းကို မတ် ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်းမများတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
ဝိုင်းမော်မြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 22,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီး ဌာနမှ ဝန်ထမ်းများက ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုအဖြစ် (၇၈) နှစ်မြောက်တပ်မ‌တော်နေ့ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက တပ်ရင်းတပ်ဖွဲ့များ၊ ဌာနအသင်းအဖွဲ့များနှင့် မြို့ပေါ်နေပြည်သူများ လက်ဝယ်သို့အရောက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့‌သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေး
Mar 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥနှင့် နွားနို့များနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ခန်းမရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့ မူလတန်းကြိုကျောင်းတွင် ပဒေသာကပွဲနှင့် ECCD (Certificate) ပေးအပ်ပွဲကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဒေသာကပွဲနှင့် ECCD (Certificate) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမူလတန်းကြို ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။